Tuesday, June 3, 2008

အဝေးဆုံး... ချစ်သူ

ချစ်သူ...
ဝေးနေတဲ့.. တို့..
နီးစပ်မှုအတွက်... ထပ်ခွဲခွာခဲ့ကြရပြီ..
နောင်တချိန် နီးကြရဖို့..
ဒီအချိန်မှာ.. တို့ နာကျင်နေရတာကို...
ဖြေသိမ့်ဖို့အတွက်... မင်း..ဆေးတစ်ခွက် ပေးပါချစ်သူ................။

ဘယ်ခရီးရောက်လို့... ဘယ်ဆီပေါက်မှန်း..မသိတဲ့..
တို့ရဲ့ လမ်း....
ဘယ်အချိန်ထိ လှမ်းနေကြရဦးမှာလဲ.....
ကမ္ဘာကြီးရဲ့ တနေရာမှာ.. ဆုံမယ်ထင်ထားတဲ့...
မျဉ်းပြိုင်.. တစုံမှာ..လျှောက်လှမ်းနေရသလို....
မနီးနိုင်တော့တဲ့...ခရီး ဖြစ်ခဲ့ပြီလား.....။

တကယ်တမ်းဝေးကြပြီဆိုရင်လည်း...
တို့ နှစ်ယောက်.. နှုတ်ဆက်ခွင့် ရကြဦးမှာလား...
အဲဒီအချိန်မှာတော့.. ကို..နှုတ်ခမ်းဖျားက..
မင်းအတွက်... မရိုးတဲ့ စကားတစ်ခွန်း...
ကြေညာခွင့်ပေးလှဲ့ပါ..ချစ်သူ...။
မင်းနဲ့ ဆုံးစည်းခဲ့စဉ်ကလည်း ပြောခဲ့သလို...
ကြည်နူးစဉ်တုန်းကလည်း... အမြဲ... ရေရွတ်နေခဲ့ပါတယ်...
နာကြည်းချက်ကင်းမဲ့တဲ့.. ခွဲခွာမှုမှာ...
ဒီစကားဟာ... တို့နှစ်ယောက်အတွက်...
ဖြေဆေး တစ်ခု ဖြစ်ပါလိမ့်မယ်.. ချစ်သူ...

ကို.. မင်းကိုချစ်တယ်...
အရမ်းချစ်တယ်...
ချစ်လည်း ချစ်ခဲ့တယ်...
ချစ်လည်းချစ်နေတုန်းပါ...
ရှေ့ဆက်ပြီးလည်း.. ချစ်နေဦးမှာပါ....
ဝေးသွားစမ်းပါ... အဝေးဆုံး.. ဝေးကွာမှုနဲ့ ဝေးလိုက်စမ်းပါ..
စကြာဝဠာ အဆုံးထိ.. ဝေးသွားခဲ့ရင်တောင်...
မင်းကို... ကို့ရဲ့... အချစ်ဆုံးအဖြစ်...
နှလုံးသားပလ္လင်မှာ... နန်းတင်ထားမှာပါ.. ချစ်သူ..။