Wednesday, August 6, 2008

ခေါင်းစဉ်မသိတဲ့ . . ကျိန်စာ

ချစ်သူ...,
မင်း ငါ့ရင်ကို... အစိမ်းလိုက်ခွဲခဲ့တယ်.....
မျက်ရည်ရောတဲ့ သွေးတွေ.. ပင်လယ်ဝေခဲ့တယ်...။

မင်း ပျော်ရွှင်ရယ်မောနေချိန်မှာ...
နာကျင်မှု သမုဒ္ဒရာထဲက.....
သောက သောင်ပြင်မှာ..
ကြေကွဲမှု ဝေဒနာနဲ့အတူ...
စိတ္တဇ ဖြစ်နေပြီ..။

အကြောင်းပြချက် တစုံတရာမရှိတဲ့..
ဒီလမ်းခွဲမှုမှာ..
အကြောင်းသင့်လို့.. ရင်နဲ့ နှလုံးသားကို..
ငါစတေးခဲ့တယ်...။

ငါရင်ခုန်စွာ အစပြုခဲ့တဲ့..
ပုံပြင်တစ်ပုဒ်ကို..
အေးစက်မာကြောတဲ့.. ဥပေက္ခာနဲ့..
မင်း အဆုံးသတ်ပေးလိုက်တယ်...။

ငါကိုယ်တိုင် နိဂုံးမသိခဲ့တဲ့....
ကဗျာတစ်ပုဒ်...
မင်းက
အမုန်းနဲ့ ဇာတ်သိမ်း ပေးလိုက်တယ်...။

ဖြေရှင်းခွင့်တောင်းခဲ့တဲ့...
နှလုံသားကို...
တရားသူကြီးမရှိတဲ့..
အမုန်းတရားခွင်မှာ...
နာကျင်မှု ကြိုးမိန့်ပေးခဲ့တဲ့... မင်းကို..
ကြေကွဲမှု အယူခံနဲ့...
မေတ္တာလျော်ကြေး . . . ငါပြန်တောင်းမယ်...။

ငါ အတ္တမပါဘဲ . . . ပေးစပ်ခဲ့ သမျှ..
ပြန်မလိုချင်ပေမယ့် . . .
မင်းတနည်းနည်းနဲ့ . ပြန်ပေးဆပ်ခွင့်..
ငါပေးလိုက်တယ်...

ပြေးထွက်သွားတဲ့ မင်းကို . . .
ကြေကွဲစွာ လက်ပြရင်းနဲ့
ငါနှုတ်ဆက်လိုက်တယ်...။

မင်းနဲ့ ပြန်ဆုံတဲ့ တစ်နေ့..
မင်းဟာ ငါ့ရဲ့ တစိမ်းတစ်ယောက်လို...
ငါဟာလည်း မင်းအတွက်..
မမြင်ဘူးတဲ့ လူတစ်ယောက်လို . . .
အရာရာဟာ ပြောင်းလဲသွားမှာပါ . . .။

မင်းဟာ..
ငါ့ကို ပေးဆပ်နေမှန်းမသိတဲ့..
ပေးဆပ်မှုနဲ့..
ငါ့ရဲ့ . . . မေတ္တာ. .၊ မာန နဲ့ သိက္ခာ . . ကို
လျော်ကြေးပေးရမယ်ဆိုတာကို..
ငါ ကျိန်စာ ဆိုလိုက်တယ် . . .။

ငါ့ရဲ့ ရှုံးနိမ့်မှုဟာ..
မင်းအတွက် နောင်တဆိုတာ
ငါ အသိပေးလိုက်တယ်. . .။