Tuesday, December 23, 2008

၂ဝဝ၈ မှတ်တမ်း


ဘာလိုလိုနဲ့ ၂ဝဝ၈ ခုနှစ်ကုန်တော့မယ်..။
အသက်လည်း တစ်နှစ် ကြီးပြန်ပေါ့..။ နှစ်တိုင်းလုပ်နေကျအတိုင်း အမှတ်တရ အဖြစ် သူငယ်ချင်းတွေ..၊ မိတ်ဆွေတွေကို Title လေးတွေ ပေးလေ့ရှိပါတယ်...။ ဒီနှစ်မှာလည်း ထုံးစံအတိုင်း ဆက်လုပ်ဖြစ်ပါတယ်..။ ဒီ Title လေးတွေအတွက် တစ်နှစ်လုံး ဒိုင်ယာရီရေးရင်း.. အချက်အလက်လေးတွေ စုဆောင်းခဲ့ပါတယ်..။ရင်ထဲက ခံစားရတဲ့ အတိုင်း ရွေးချယ်လိုက်ပါတယ်..။

အချစ်ဆုံးသူငယ်ချင်း .................. အောင်ကျော်ဇော
အမှတ်တရ သူငယ်ချင်း .................. မင်းသူ
သတိအရဆုံး သူငယ်ချင်း .................. ရဲရင့်ရှိန်..၊ မြတ်မင်းခန့်
အခင်ဆုံးသူငယ်ချင်း ................... ရန်နောင်
ယုံကြည်ရတဲ့ သူငယ်ချင်း ................... မင်းသူ
အားပေးတတ်တဲ့ မိတ်ဆွေ . ................... ဦးအေး၊ ကိုကျော်ဇင်၊ မင်းသူ၊ မြတ်ခန့်၊ကိုအောင်ကျော်စိုး
(သို့) သူငယ်ချင်း
အားအကျဆုံးသူငယ်ချင်း .................... ကိုအောင်ကျော်စိုး ၊ အောင်ကျော်ဇော
(သို့) မိတ်ဆွေ

သူငယ်ချင်းကောင်း ၂ဝဝ၈........ မင်းသူ ၊ မြတ်မင်းခန့်

ဘယ်တော့မှ မမေ့တော့မယ့် သူများ . . . . . . အောင်ကိုကို၊ စည်သူအောင်၊ ဘုန်းမြတ်သန်းဦး ၊ စိုင်း၊ ဇေယျာ၊ အောင်ခန့်၊ မေမြတ်ဘုန်း၊ မြောင်ကြီး၊ ချမ်းသော်ဇေ၊ မခိုင်ဇာ၊ ကိုနေ၊ ကိုစည်၊ scott၊ သက်ပန်၊ ကိုအောင်၊ ကေသီ၊ ဦးမိုး၊ အန်တီထူး၊ အောင်မျိုးဆွေ၊ ရှိုင်း၊ မနေ နှင့် UAE မှ သူငယ်ချင်းများ အားလုံး..........

ခင်မင်မှု၊ ကူညီမှု၊ အားပေးမှု တွေအားလုံးအတွက် သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်....

ကျော်စွာ

Tuesday, October 28, 2008

အချစ်

ကောင်းကင်ပြာပြာမှာ အဖြူရောင် တိမ်တိုက်တို့ လွင့်မျောနေတယ်..
သိပ်လှတဲ့ မြင်ကွင်းတစ်ခုပေါ့..
ဒါပေမယ့် ငါ့အတွက်တော့ ရင်ထဲမှာ မွန်းကျပ်နေတယ်..
ငါလည်း မျောလွင့်ချင်နေတယ်..
ဒါပေမယ့်....
တွယ်ရာမဲ့ တဲ့ ရင်ခွင်တစ်စုံ ဟာ
တိမ်တိုက်လို မျောလွင့်ခွင့်မရှိဘူး...


တွယ်ရာမဲ့ တာချင်းတူပေမယ့်
အဖြူရောင်တိမ်တိုက်တွေက ပို လွတ်လပ်တယ်...
ငါ့ရဲ့ရင်ထဲမှာတော့
အချစ်ဆိုတဲ့ မုန်တိုင်းတစ်ခု ရှိနေတဲ့အတွက်
မျောလွင့်ချင်တိုင်း မျောလွင့်ခွင့်မရဘူး..။

နာဂစ်လို အဖျက်မုန်တိုင်းတောင်
အချိန်တန်တဲ့ အခါ ပြီးဆုံးခဲ့ပေမယ့်..
ငါ့ရင်ထဲက မုန်တိုင်းတစ်ခုကတော့
ဝေဒနာမျိုးစုံနဲ့ သောင်းကျန်းမွေနှောက်နေတာ
နှလုံသားမှာ ရစရာမရှိတော့ဘူး...။

ရင်ခုန်ခြင်း..၊ ပျော်ရွှင်ခြင်း..
ပူလောင်ကြေကွဲခြင်းတွေနဲ့ ပြည့်နေတဲ့
မုန်တိုင်းကို ငါကြောက်နေတယ်...
ဒါပေမယ့် ပြီးဆုံးသွားမှာကို ငါ မလိုလားဘူး...

ချစ်သူရဲ့ ကြင်နာမှု လက်တစ်စုံဟာ..
ကယ်တင်ခြင်းတစ်ခု..၊
ချစ်သူရဲ့ စကားတစ်ခွန်းဟာ..
အားဆေး တစ်ခွက်ဆိုရင်တော့..
အချစ်မုန်တိုင်း အရှိန်လျော့နိုင်ကောင်းပါရဲ့...။

ငါ့ရဲ့ ကောင်းကင်ရင်ခွင်မှာ..
ကြင်နာခြင်းလေပြေနဲ့..
မေတ္တာ တိမ်တိုက်တို့ မျောလွင့်ချိန်ကို ငါ မျှော်လင့်နေတယ်..။

ချစ်သူ...
မင်းလေး ငါ့ကို ကယ်တင်လှည့်ပါ...။

Wednesday, October 15, 2008

ချစ်တတ်ဖို့အတွက် . . .

လောကကြီးမှာ လူသားအားလုံး လိုချင်တဲ့အရာ တစ်ခုရှိတယ်...။ အဲဒီအရာဟာ ငွေရှိတိုင်း ဝယ်လို့မရသလို ဂုဏ်တွေ အရှိန်အဝါတွေနဲ့လဲ ရယူပိုင်ဆိုင်လို့မရဘူး..။ အဲဒီအရာဟာ တခါတခါ ရိုးရှင်းသလိုနဲ့ တခါတခါ လျှို့ဝှက်နက်နဲနေတတ်တယ်..။ နူးညံ့သယောင်နဲ့ မုန်တိုင်းတစ်ခုလိုကြမ်းတမ်းနေတတ်ပြန်တယ်..။ တခါတလေ အေးမြပြီး တခါတခါကျပြန်တော့ ပူလောင်စေတတ်တယ်..။ အဲဒါဘာလဲ သိလား...? အချစ်လို့ခေါ်တယ်..။

လူတိုင်းလူတိုင်း ချစ်ဖူးကြတယ်..။ အချစ်ကို ခံစားဖူးကြတယ်..။ မိသားစုကို..၊ မိတ်ဆွေ သူငယ်ချင်းတွေကို...၊ ချစ်သူရည်းစားတွေကို ချစ်ဖူးကြတယ်....။ နည်းမျိုးစုံနဲ့ အချစ်ကို ထိတွေ့ခံစားခဲ့ကြတယ်...။ အဲဒီလူတွေထဲကမှ တချို့က အချစ်ကို ပိုင်ဆိုင်ခဲ့ကြသလို တချို့က လက်လွှတ်ဆုံးရှုံးခဲ့ကြတယ်..။ တချို့ကြတော့အချစ်ကြောင့် အောင်မြင်မှုတွေ ရခဲ့ကြပြီး တချို့ကြတော့ ဘဝကို ရေစုန်မျောလိုက်ကြတယ်..။

လောကကြီးမှာ မချစ်တတ်ဘူးလို့ပြောကြတဲ့လူတွေဟာ.. အချစ်ကို ကိုယ်တိုင်ထိတွေ့ခံစားခဲ့ကြပြီး အချစ်ရဲ့လျှို့ဝှက်ချက်ကို သဘောမပေါက်ခဲ့လို့ အချစ်ကို ကြောက်တဲ့ စိတ်နဲ့ ပြောနေကြတာပါ..။ အချစ်ဆိုတာ ပေးဆပ်မှု တစ်ခုမဟုတ်သလို ရယူပိုင်ဆိုင်ခြင်းလည်း မဟုတ်ဘူး...။ စိုင်းစိုင်းခမ်းလှိုင်ပြောသလို အချစ်ဆိုတာ ချစ်နေဖို့ပါပဲ..။ ဟုတ်တယ်..။ ချစ်တတ်ဖို့ပဲ လိုတယ်...။ ချစ်သူတွေ ဝေးခဲ့ကြပေမယ့် ဘဝမှာ အကောင်းဆုံး မိတ်ဆွေတွေ အဖြစ်ရပ်တည်နေကြတဲ့ ချစ်သူတွေရှိသလို နီးစပ်ခဲ့ပြီးမှ အဝေးကြီး ဝေးခဲ့ကြတဲ့ ချစ်သူတွေလည်းရှိတယ်ဆိုတာ သိထားသင့်တယ်...။ ချစ်တတ်တဲ့ သူတွေက အမြဲတမ်းနီးနေမှာပဲ..။ မချစ်တတ်လို့ကတော့ အိပ်ခန်းတစ်ခန်းထဲ အတူတူ နေကြလည်း ဝေးနေကြတာပါပဲ..။

ကျွန်တော်တို့တွေ ဘယ်လိုမျိုး ချစ်ကြမလဲ..? ချစ်သူတွေအားလုံးကတော့ နီးချင်းကြမှာတော့ အမှန်ပဲ..။ အချစ်ဆိုတာ မီးလိုပဲ..။ သေသေချာချာ ကိုင်တွယ်အသုံးချတတ်ရင် မီး ဟာ မိတ်ဆွေကောင်းတစ်ယောက်ပါ..။ အချစ်လည်း သေသေချာချာ ခံစားတတ်ရင် ရင်ကို အေးမြစေတတ်တဲ့ အရာပါ..။

ကျွန်တော်လည်း ကျွန်တော့်ချစ်သူကို အရမ်းချစ်တယ်..။ အနီးဆုံးမှာ နေပြီး အမြဲတမ်း "ချစ်တယ်"ဆိုတာပဲ ပြောနေချင်တယ်..။ ဒါပေမယ့် အလုပ်နဲ့ အဝေးကိုရောက်နေတဲ့ ကျွန်တော့်အဖို့ ချစ်နေရုံကလွဲလို့ ဘာမှ လုပ်လို့မရဘူးလေ..။ ချစ်တတ်ဖို့ပဲ ကျွန်တော်ကြိုးစားရတာပေါ့..။ ကျွန်တော်လေ... သူ့ကိုအရမ်းချစ်တယ်..။ သူ့ကို ပိုင်ဆိုင်ရသည်ဖြစ်စေ..၊ မပိုင်ဆိုင်ရရင်ပဲ ဖြစ်စေ.. အမြဲတမ်းချစ်နေနိုင်အောင် ကြိုးစားနေတယ်..။ သူဘာပဲဖြစ်ဖြစ်..၊ ကျွန်တော် ဘယ်ပဲရောက်ရောက် ကျွန်တော်နဲ့ သူဟာ.. ချစ်သူဆိုတာ ကျွန်တော်တို့နှစ်ယောက် နားလည်နေသရွေ့ ကျွန်တော်တို့တွေ အေးချမ်းနေကြမှာပါ...။ သူထားခဲ့ရင်တောင် ကျွန်တော် သူ့ကို မမေ့အောင် ကျွန်တော် ကြိုးစားမယ်...။ ဘာလို့လဲ သိလား...? ကျွန်တော် ချစ်တတ်တဲ့ ချစ်သူတစ်ယောက် ဖြစ်ချင်လို့ပါ...။

ကျွန်တော် သူ့ကိုအရမ်းချစ်တယ်..။ သိပ်ချစ်တယ်...။ အမြဲတမ်းချစ်နေမယ်..။

Sunday, October 5, 2008

Love for you.

Love..,
It makes me crazy but I deserve to be so. I am sure everyone cannot be escaped from suffery of love. At least they may have love of friendship. Those who say we don't to love are actually waiting for someone to love them. If they had met with someone who loves them, you will know how they love each other. No one can make them seperate.
Do you know how love is awful..? It will give you strangth to solve the problem what you ever fail. It will make you soft. It will make you young because love is constant of time. No matter how old you are, all lovers are same. There is no time or age differences in love. Wherever, whenever whoever can deserve it to love. Even you are away from your angle, love will make you close.
For me..?
Yes, I love my angle. We are far away from each more than thousands of miles. There are more than 5 countries and 2 oceans between us but we are still close by our love and heart. We believe in each that nothing can make our heart far. Since we were in love we just looked ourselves but not others. We try to understand each whatever concern with our affair. Now we are ready to be together till our last second. We have decided not to say good bye and we will say "I love you" one another forever lasting.

Saturday, October 4, 2008

သဇင်မြေက ချစ်သူသို့ အလွမ်း...

လွမ်းဆွတ်နေတဲ့ စိတ်..
အိပ်မရတဲ့ေ​ဝဒနာကို သယ်ဆောင်လာခဲ့တယ်...

အချစ်ငတ်တဲ့ ငါ့အဖို့ ..
လွမ်းတတ်အောင် ငါ ကြိုးစားရဦးမယ်...။

အားလုံးကို မုန်းတတ်အောင်
ငါကြိုးစားခဲ့သမျှ..
မင်းလေးနဲ့မှ နှလုံးသားဟာ အရောင်ပြောင်းတတ်ခဲ့တာပါ..

အချစ်တွေ ပြည့်လျှံနေခဲ့တဲ့
ချစ်သူမဲ့ ရင်ခွင်တစ်စုံဟာ..
မင်းလေးကို စောင့်စားနေခဲ့တာလား..?

မင်းကို လွမ်းတဲ့စိတ်ဟာ...
ငါ့ကို ရန်မူနေခဲ့ပြီ.. ချစ်သူရေ....။

မင်းသာ ငါ့ကိုထားခဲ့မယ်ဆိုရင်..
ဒီကမ္ဘာကြီးဟာ.. ငါ့အတွက်တော့
ဘာမှမရှိတဲ့ ဇရပ်တစ်ဆောင်လို
ခြောက်သွေ့ အထီးကျန်စေလိမ့်မယ်...။

ရှင်းရှင်းပြောရရင်...
ငါမင်းကို လွမ်းတယ်...
သဇင်မြေက ချစ်သူရယ်.....။

Monday, September 22, 2008

To My Chitthu

What is love..? How do you undersrand by the meaning of love..? Is it happiness..? Is it sadness..? Have you ever got someone to love seriously.? How many times you fell in love in your life.? Do you remember how did you feel to love someone..? As for me, love is to love. I fell in love for a first time when I was 14 Years Old. I was so happy but I did not know how to love. Just I knew to love her. I was happy of course. We both studied together, we both attended the school together and we passed the school days together. Even we left for high school in different school, we still loved each other. Do you know how we loved each other.? I was really fell in love. For only one reason, we sepreated each. Since that time, my heart was empty and I was not able to love someone else. After 4 years, I mean not too long ago, I have met with someone who was unexpected in my life. Firstly I thought that one will be just my online friend but I felt something while we were chatting. Then I said that I love that one and I called that one chit. Chit replied me that loved me too. SO I fell in love again. I love my Chit a lot. I believe nobody can seperate us. I miss my chit now. I love Chit..

Saturday, September 13, 2008


အင်း ဒီပုံက UAE နိုင်ငံရဲ့ နာမည်ကျော် JUMERA BEACH မှာ ဆိုင်က သူငယ်ချင်းတွေနဲ့ သွားတုန်းကရိုက်ထားတာလေ..။ ဒီနိုင်ငံမှာ ကမ်းခြေသွားချင်ရင် ညဘက်မှသွားလို့ရတယ်..။ ရာသီဥတုပူပြင်းတဲ့ ဒီနိုင်ငံမှာ နေ့ခင်းဘက် ကမ်းခြေကို အပန်းဖြေသွားရင်.. လူခြောက်ဖြစ်မှာမို့ အားလုံးက ညဘက်ပဲ သွားကြတယ်..။ ကျွန်တော်နေတဲ့ Sharjah မြို့ကနေ တကယ်တမ်း နာရီဝက်လောက်ပဲ ကားမောင်းရပေမယ့် လူဦးရေနဲ့မမျှတဲ့ မော်တော်ကားစီးရေကြောင့် အဲဒီနေ့က ကားပေါ်မှာ တစ်နာရီကျော်ကျော်လောက် အချိန်ကုန်ခဲ့ရပါတယ်..။ ကျွန်တော်နဲ့အတူ ညီ အစ်ကိုလို ခင်တဲ့ သူငယ်ချင်း ထူးသက်မင်း (Shine), ကျွန်တော့်ဆိုင်က လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ Lourdes, Anand, Erick, Inthihkab, Myrna, Mernie, Cecelia, နဲ့အတူ ကျွန်တော်မသိတဲ့ လူတစ်ချို့ ပါလာခဲ့ကြတယ်..။ ကမ်းခြေက နွေရာသီကုန်ခါနီးပြီမို့ နေလို့ကောင်းတဲ့ အခြေအနေလေးဖြစ်နေပါတယ်..။ အုပ်စုလိုက် အပန်းဖြေနေကြတဲ့ Local မိသားစုတွေနဲ့ ဖိလစ်ပိုင်နိုင်ငံသား မိသားစု တစ်ချို့လည်းတွေ့ရပါရဲ့..။ အဲဒီနေ့တုန်းက ရုံးချုပ်မှာ Training တက်ခဲ့တဲ့ ကျွန်တော့်အဖို့ ပင်ပန်းနေပေမယ့် သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေကြောင့် စိတ်သက်သာသွားတာတော့အမှန်ပဲ..။
ကျွန်တော့်ကို ချစ်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ ရေကူးပြီး စားသောက်ကြတာ ပျော်စရာလေးတစ်ခု ဖြစ်ခဲ့ပါတယ်..။ ကျန်တာကိုတော့ နောက်မှပဲ ဆက်ရေးတော့မယ်..။ ခုတော့ အိပ်ချိန်ရောက်ပြီမို့ အိပ်တော့မယ်..။ အချိန်နဲ့ အလုပ်လုပ်နေရတဲ့ UAE ဝန်ထမ်းတွေ အဖို့ အိပ်ချိန်မှန်ဖို့တော့ လိုတယ်..။
မှတ်မှတ်ရရ စက်တင်ဘာလ (၁၁)ရက်.., ကမ္ဘာပေါ်မှာ လူသားတွေကို တုန်လှုပ်စေခဲ့တဲ့ သမိုင်းဝင်နေ့တစ်နေ့ပေါ့..။ ကျွန်တော့်အတွက်လည်း အထိမ်းအမှတ်နေ့တစ်ခုပေါ့..။ ပျော်စရာကောင်းတဲ့ နေ့တစ်နေ့..၊ အင်း... အပျော်ဆုံးနေ့ တစ်နေ့လို့ ပြောရင် ပိုမှန်မယ်..။ ဘာလို့လဲ သိလား..။ အဲဒီနေ့မှာ အချစ်စစ်တစ်ခုကို ကျွန်တော် မမျှော်လင့်ဘဲ ရှာတွေ့ခဲ့တယ်..။ ကျွန်တော်တောင်းတနေခဲ့တဲ့ အချစ်ကို ကျွန်တော် ရရှိပိုင်ဆိုင်ခဲ့တယ်..။ ရင်ခုန်သံတွေ ပျော်ရွှင်စွာနဲ့ လောကကြီးထဲကို ခုန်ပေါက်ထွက်ကျလာခဲ့တယ်..။ သူကလည်း ကျွန်တော့်ကို ချစ်တယ်တဲ့..။ ကျွန်တော် အရမ်းပျော်ခဲ့တယ်..။
တကယ်တမ်းပြောရရင် ကျွန်တော့်ချစ်သူနဲ့ ကျွန်တော်က တစ်ယောက်ကို တစ်ယောက် ချစ်တယ်လို့ ပြိုင်တူ ဝန်ခံခဲ့ကြတယ်..။ ကျွန်တော် ချစ်ခဲ့ဖူးပါတယ်..။ ဒါပေမယ့် ဒီတစ်ခါရွေးချယ်ခဲ့တဲ့ အချစ်က ကျွန်တော့်အတွက် အထိုက်တန်ဆုံးနဲ့ တန်ဖိုးအရှိဆုံး အချစ်လို့ ကျွန်တော်သတ်မှတ်လိုက်တယ်..။ ဘဝအတွက် ရွေးချယ်ခဲ့တာလေ..။ ကျွန်တော် သူ့ကို ချစ်မိတဲ့ အတွက် နောင်တရမှာ မဟုတ်ဘူးဆိုတာ သိနေလို့လေ..။ ကျွန်တော့်ချစ်သူက ကျွန်တော်ကို နားလည်ပေးနိုင်တယ်၊ ယုံကြည်ပေးနိုင်တယ်ဆိုတာ ကျွန်တော် သိနေခဲ့တယ်..။ အင်း..သူက ရခိုင်ကလေ..။ ရန်ကုန်မှာနေတယ်..။ ချစ်ဖို့လည်းကောင်းတယ်..။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်တယ်..။ ဒါက အရေးကြီးတယ်..။ ဘာပဲပြောပြော ကျွန်တော် သူ့ကို အရမ်းချစ်တယ်..။ သူလည်းကျွန်တော့်ကို ချစ်တယ်ဆိုတာ ယုံကြည်တယ်..။ ဘယ်သူလဲ ..? ဪ... နောက်တော့ပြောတာပေါ့..။ မပြောလည်း သိမှာပါ..။ သေချာတာကတော့ ကျွန်တော်တို့နှစ်ယောက် အရမ်းချစ်ကြတယ်ဆိုတာပေါ့...။

Wednesday, August 6, 2008

ခေါင်းစဉ်မသိတဲ့ . . ကျိန်စာ

ချစ်သူ...,
မင်း ငါ့ရင်ကို... အစိမ်းလိုက်ခွဲခဲ့တယ်.....
မျက်ရည်ရောတဲ့ သွေးတွေ.. ပင်လယ်ဝေခဲ့တယ်...။

မင်း ပျော်ရွှင်ရယ်မောနေချိန်မှာ...
နာကျင်မှု သမုဒ္ဒရာထဲက.....
သောက သောင်ပြင်မှာ..
ကြေကွဲမှု ဝေဒနာနဲ့အတူ...
စိတ္တဇ ဖြစ်နေပြီ..။

အကြောင်းပြချက် တစုံတရာမရှိတဲ့..
ဒီလမ်းခွဲမှုမှာ..
အကြောင်းသင့်လို့.. ရင်နဲ့ နှလုံးသားကို..
ငါစတေးခဲ့တယ်...။

ငါရင်ခုန်စွာ အစပြုခဲ့တဲ့..
ပုံပြင်တစ်ပုဒ်ကို..
အေးစက်မာကြောတဲ့.. ဥပေက္ခာနဲ့..
မင်း အဆုံးသတ်ပေးလိုက်တယ်...။

ငါကိုယ်တိုင် နိဂုံးမသိခဲ့တဲ့....
ကဗျာတစ်ပုဒ်...
မင်းက
အမုန်းနဲ့ ဇာတ်သိမ်း ပေးလိုက်တယ်...။

ဖြေရှင်းခွင့်တောင်းခဲ့တဲ့...
နှလုံသားကို...
တရားသူကြီးမရှိတဲ့..
အမုန်းတရားခွင်မှာ...
နာကျင်မှု ကြိုးမိန့်ပေးခဲ့တဲ့... မင်းကို..
ကြေကွဲမှု အယူခံနဲ့...
မေတ္တာလျော်ကြေး . . . ငါပြန်တောင်းမယ်...။

ငါ အတ္တမပါဘဲ . . . ပေးစပ်ခဲ့ သမျှ..
ပြန်မလိုချင်ပေမယ့် . . .
မင်းတနည်းနည်းနဲ့ . ပြန်ပေးဆပ်ခွင့်..
ငါပေးလိုက်တယ်...

ပြေးထွက်သွားတဲ့ မင်းကို . . .
ကြေကွဲစွာ လက်ပြရင်းနဲ့
ငါနှုတ်ဆက်လိုက်တယ်...။

မင်းနဲ့ ပြန်ဆုံတဲ့ တစ်နေ့..
မင်းဟာ ငါ့ရဲ့ တစိမ်းတစ်ယောက်လို...
ငါဟာလည်း မင်းအတွက်..
မမြင်ဘူးတဲ့ လူတစ်ယောက်လို . . .
အရာရာဟာ ပြောင်းလဲသွားမှာပါ . . .။

မင်းဟာ..
ငါ့ကို ပေးဆပ်နေမှန်းမသိတဲ့..
ပေးဆပ်မှုနဲ့..
ငါ့ရဲ့ . . . မေတ္တာ. .၊ မာန နဲ့ သိက္ခာ . . ကို
လျော်ကြေးပေးရမယ်ဆိုတာကို..
ငါ ကျိန်စာ ဆိုလိုက်တယ် . . .။

ငါ့ရဲ့ ရှုံးနိမ့်မှုဟာ..
မင်းအတွက် နောင်တဆိုတာ
ငါ အသိပေးလိုက်တယ်. . .။

Tuesday, June 3, 2008

အဝေးဆုံး... ချစ်သူ

ချစ်သူ...
ဝေးနေတဲ့.. တို့..
နီးစပ်မှုအတွက်... ထပ်ခွဲခွာခဲ့ကြရပြီ..
နောင်တချိန် နီးကြရဖို့..
ဒီအချိန်မှာ.. တို့ နာကျင်နေရတာကို...
ဖြေသိမ့်ဖို့အတွက်... မင်း..ဆေးတစ်ခွက် ပေးပါချစ်သူ................။

ဘယ်ခရီးရောက်လို့... ဘယ်ဆီပေါက်မှန်း..မသိတဲ့..
တို့ရဲ့ လမ်း....
ဘယ်အချိန်ထိ လှမ်းနေကြရဦးမှာလဲ.....
ကမ္ဘာကြီးရဲ့ တနေရာမှာ.. ဆုံမယ်ထင်ထားတဲ့...
မျဉ်းပြိုင်.. တစုံမှာ..လျှောက်လှမ်းနေရသလို....
မနီးနိုင်တော့တဲ့...ခရီး ဖြစ်ခဲ့ပြီလား.....။

တကယ်တမ်းဝေးကြပြီဆိုရင်လည်း...
တို့ နှစ်ယောက်.. နှုတ်ဆက်ခွင့် ရကြဦးမှာလား...
အဲဒီအချိန်မှာတော့.. ကို..နှုတ်ခမ်းဖျားက..
မင်းအတွက်... မရိုးတဲ့ စကားတစ်ခွန်း...
ကြေညာခွင့်ပေးလှဲ့ပါ..ချစ်သူ...။
မင်းနဲ့ ဆုံးစည်းခဲ့စဉ်ကလည်း ပြောခဲ့သလို...
ကြည်နူးစဉ်တုန်းကလည်း... အမြဲ... ရေရွတ်နေခဲ့ပါတယ်...
နာကြည်းချက်ကင်းမဲ့တဲ့.. ခွဲခွာမှုမှာ...
ဒီစကားဟာ... တို့နှစ်ယောက်အတွက်...
ဖြေဆေး တစ်ခု ဖြစ်ပါလိမ့်မယ်.. ချစ်သူ...

ကို.. မင်းကိုချစ်တယ်...
အရမ်းချစ်တယ်...
ချစ်လည်း ချစ်ခဲ့တယ်...
ချစ်လည်းချစ်နေတုန်းပါ...
ရှေ့ဆက်ပြီးလည်း.. ချစ်နေဦးမှာပါ....
ဝေးသွားစမ်းပါ... အဝေးဆုံး.. ဝေးကွာမှုနဲ့ ဝေးလိုက်စမ်းပါ..
စကြာဝဠာ အဆုံးထိ.. ဝေးသွားခဲ့ရင်တောင်...
မင်းကို... ကို့ရဲ့... အချစ်ဆုံးအဖြစ်...
နှလုံးသားပလ္လင်မှာ... နန်းတင်ထားမှာပါ.. ချစ်သူ..။

Sunday, May 18, 2008

အိမ်..

အိမ်....
နားခိုရာ.. နေရာ
အမေနေတဲ့နေရာ.....
ချစ်သော..ညီတို့.. အိပ်စက်ရာနေရာ..
ဒါ.. ငါ့ရဲ့နေရာ....

အိမ်...
ပြန်ချင်တဲ့နေရာ..
သွားချင်နေတဲ့နေရာ...
ငါ့မိသားစုရဲ့... နေရာ....

ဘယ်တော့ ပြန်ရောက်မှန်း မသိတဲ့နေရာ...
ဒါ.. ငါ့အိမ်...။

Thursday, May 1, 2008

ချစ်သူအတွက်....ဆု

ချစ်သူ.....
ဒီည... တို့
လောကကြီးရဲ့ ပုံပြင်အသစ်တွေ...
သူ့ ဆီက နားထောင်လိုက်ရတယ်.....။

ချိုမြိန်ပါတယ်ဆိုတဲ့... ပျားရည်တွေကို..
သူ့ရဲ့ ပုံပြင်တွေက...
မရှု မလှ ခါးသက်စေခဲ့တယ်.......။

တို့... ချစ်သူဆီမှာ..
ဒူးထောက်... အရှုံးပေးလိုက်ပြီ..
အဆိပ်ပြင်းတဲ့..သူ့ပုံပြင်တွေအောက်မှာပေါ့....။

တို့လိပ်ပြာလေး...
သူ့လက်ထဲ...အပ်နှင်းလိုက်တယ်...
ပုံပြင်တွေအတွက် ဆုလာဘ်တစ်ခုအဖြစ်ပေါ့.......။

Sunday, April 27, 2008

အလွမ်း

ဒီနေ့... ရင်ထဲမှာ တစ်စုံတစ်ခုကို တမ်းတနေမိတယ်....။
ဘာမှန်းတော့ မသိဘူး...။
သိတာတစ်ခုကတော့... လွမ်းဆွတ်တမ်းတမှုဟာ..
ရင်ထဲမှာ...နေရာယူနေခဲ့တာ .... ကြာခဲ့ပြီ...........


ရယူပိုင်ဆိုင်လိုမှုမပါဝင်ခဲ့တဲ့...
ရင်ထဲက..တွယ်တာမှု..သံယောဇဉ်ကို
ဒီချိန်ထိ...သိုလှောင်ထားဆဲပါ........။

ဖွင့်ပြောဖို့အချိန်ကိုရွေးရင်း.... ဝေးကွာခဲ့တာ....
အပြစ်ဖြစ်ခဲ့ပြီလား......။

အခု..ဖွင့်ပြောမယ်ဆိုရင်...
ကိုယ့်စကားလုံးတွေဟာ....
မင်းအတွက်တော့....
စူမာတြားကို...ဆူနာမီဝင်သလို...
တားမနိုင်..ဆီးမရ..ဖြစ်ကုန်လိမ့်မယ်ကွာ....။

သေချာတာကတော့... တို့...UAE..မှာ..
မင်းကို..လွမ်းနေတယ်......................

ပြုံးခဲ့ပါ .....ချစ်သူ.....

မဟူရာည.....
မိုးရွာပြီးစကောင်းကင်မှာ..
လင်းလက်နေတဲ့..လမင်းလို...
တောက်ပတဲ့....ငွေစင်အပြုံးတစ်ချက်နဲ့.....
ရင်ခွင်တစ်ခုလုံး.....မင်းအေးစက်စေခဲ့ပြီ..........

မင်းရဲ့အပြုံးကို ပိုင်ဆိုင်ဖို့အတွက်....
တို့ရဲ့ဘ၀ကို ရင်းရမယ်ဆိုရင်တောင်......
ရေစက်ချပြီး..တို့ပေးဆပ်လိုက်တယ်...ကောင်မလေးရေ.....။

မင်းကိုဘယ်လောက်ချစ်တယ်ဆိုတာကို
စာဖွဲ့ဖို့တော့.....၀တ္ထုတွေ.....ကဗျာတွေထဲက..
သိပ်မထူးခြားတဲ့ စကားလုံးတွေနဲ့....
သက်သေမထူချင်ဘူး.........
ဒါပေမယ့်...
အရိုးရှင်းဆုံးစကားနဲ့ လောကကြီးကို
သက်သေပြုလိုက်တယ်..
ချစ်တယ်..ကလေးရယ်...

ဒါကိုမှ..မင်းပျက်ရယ်ပြုမယ်ဆိုရင်...
ကိုယ့်ကိုကိုယ်....Oscar ရတဲ့. ဟာသပညာရှင်လို့
သတ်မှတ်လိုက်မယ်.....
မင်း..ဒီထက်ပိုရယ်လိုက်ပါ....
ငါ့ရင်အကွဲခံပြီး...မင်းရယ်ဖို့...စတေးလိုက်မယ်.....။

တလောကလုံး ကိုယ့်ကို...
ဥပေက္ခာပြုခဲ့ရင်တောင်....
မင်းက...အပြုံးလေး တစ်ပွင့်တော့..ချန်ခဲ့ပါ...
ဒါဟာ...မင်းရဲ့ ကိုယ်စား..
ငါ့ကို နှစ်သိမ့်ပါလိမ့်မယ်........။
လမင်းဟာ...မြင်သာတဲ့ ...အဝေးတစ်နေရာမှာ....
ထွန်းလင်းနေသလို....
မင်းရဲ့အပြုံးဟာလည်း....
ငါ့ဘ၀ရဲ့...မြင်သာတဲ့ တစ်နေရာမှာ...
တောက်ပနေပါလိမ့်မယ်......။

Wednesday, April 23, 2008

My first love

I had met a girl in ten of my age. I acknowledged her just a friend. When I became twelve, however, my mind had changed. My heart wanted her. Then, I told her that I loved her. She was laughing on my words. When she laughed, she was beautiful. It was unbelievable. Her smiles, manner of laughing made me crazy. I was seriously in love with her. One year later, she said "I love you." Of course I was happiest one on the earth.
When I got fourteen, I was transfered to another school, BEHS (2) Kamayut. We did not get chance to meet one another due to study at different school but we had some kind of connection such as mailing, telephone and by friends. We were happy a lot.
After one and half years.., we were busy with study to pass matriculation exam so we just lucked of contact. Then she betrayed me. She was in love with my friend at me back who was in same school with her. I could forgive her but she had done more than love. She wanted something special from the guys which I was not yet ready for. So we broke up silently, I mean without notification. That is about my first love.