Sunday, April 27, 2008

ပြုံးခဲ့ပါ .....ချစ်သူ.....

မဟူရာည.....
မိုးရွာပြီးစကောင်းကင်မှာ..
လင်းလက်နေတဲ့..လမင်းလို...
တောက်ပတဲ့....ငွေစင်အပြုံးတစ်ချက်နဲ့.....
ရင်ခွင်တစ်ခုလုံး.....မင်းအေးစက်စေခဲ့ပြီ..........

မင်းရဲ့အပြုံးကို ပိုင်ဆိုင်ဖို့အတွက်....
တို့ရဲ့ဘ၀ကို ရင်းရမယ်ဆိုရင်တောင်......
ရေစက်ချပြီး..တို့ပေးဆပ်လိုက်တယ်...ကောင်မလေးရေ.....။

မင်းကိုဘယ်လောက်ချစ်တယ်ဆိုတာကို
စာဖွဲ့ဖို့တော့.....၀တ္ထုတွေ.....ကဗျာတွေထဲက..
သိပ်မထူးခြားတဲ့ စကားလုံးတွေနဲ့....
သက်သေမထူချင်ဘူး.........
ဒါပေမယ့်...
အရိုးရှင်းဆုံးစကားနဲ့ လောကကြီးကို
သက်သေပြုလိုက်တယ်..
ချစ်တယ်..ကလေးရယ်...

ဒါကိုမှ..မင်းပျက်ရယ်ပြုမယ်ဆိုရင်...
ကိုယ့်ကိုကိုယ်....Oscar ရတဲ့. ဟာသပညာရှင်လို့
သတ်မှတ်လိုက်မယ်.....
မင်း..ဒီထက်ပိုရယ်လိုက်ပါ....
ငါ့ရင်အကွဲခံပြီး...မင်းရယ်ဖို့...စတေးလိုက်မယ်.....။

တလောကလုံး ကိုယ့်ကို...
ဥပေက္ခာပြုခဲ့ရင်တောင်....
မင်းက...အပြုံးလေး တစ်ပွင့်တော့..ချန်ခဲ့ပါ...
ဒါဟာ...မင်းရဲ့ ကိုယ်စား..
ငါ့ကို နှစ်သိမ့်ပါလိမ့်မယ်........။
လမင်းဟာ...မြင်သာတဲ့ ...အဝေးတစ်နေရာမှာ....
ထွန်းလင်းနေသလို....
မင်းရဲ့အပြုံးဟာလည်း....
ငါ့ဘ၀ရဲ့...မြင်သာတဲ့ တစ်နေရာမှာ...
တောက်ပနေပါလိမ့်မယ်......။

No comments: