Monday, September 22, 2008

To My Chitthu

What is love..? How do you undersrand by the meaning of love..? Is it happiness..? Is it sadness..? Have you ever got someone to love seriously.? How many times you fell in love in your life.? Do you remember how did you feel to love someone..? As for me, love is to love. I fell in love for a first time when I was 14 Years Old. I was so happy but I did not know how to love. Just I knew to love her. I was happy of course. We both studied together, we both attended the school together and we passed the school days together. Even we left for high school in different school, we still loved each other. Do you know how we loved each other.? I was really fell in love. For only one reason, we sepreated each. Since that time, my heart was empty and I was not able to love someone else. After 4 years, I mean not too long ago, I have met with someone who was unexpected in my life. Firstly I thought that one will be just my online friend but I felt something while we were chatting. Then I said that I love that one and I called that one chit. Chit replied me that loved me too. SO I fell in love again. I love my Chit a lot. I believe nobody can seperate us. I miss my chit now. I love Chit..

Saturday, September 13, 2008


အင်း ဒီပုံက UAE နိုင်ငံရဲ့ နာမည်ကျော် JUMERA BEACH မှာ ဆိုင်က သူငယ်ချင်းတွေနဲ့ သွားတုန်းကရိုက်ထားတာလေ..။ ဒီနိုင်ငံမှာ ကမ်းခြေသွားချင်ရင် ညဘက်မှသွားလို့ရတယ်..။ ရာသီဥတုပူပြင်းတဲ့ ဒီနိုင်ငံမှာ နေ့ခင်းဘက် ကမ်းခြေကို အပန်းဖြေသွားရင်.. လူခြောက်ဖြစ်မှာမို့ အားလုံးက ညဘက်ပဲ သွားကြတယ်..။ ကျွန်တော်နေတဲ့ Sharjah မြို့ကနေ တကယ်တမ်း နာရီဝက်လောက်ပဲ ကားမောင်းရပေမယ့် လူဦးရေနဲ့မမျှတဲ့ မော်တော်ကားစီးရေကြောင့် အဲဒီနေ့က ကားပေါ်မှာ တစ်နာရီကျော်ကျော်လောက် အချိန်ကုန်ခဲ့ရပါတယ်..။ ကျွန်တော်နဲ့အတူ ညီ အစ်ကိုလို ခင်တဲ့ သူငယ်ချင်း ထူးသက်မင်း (Shine), ကျွန်တော့်ဆိုင်က လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ Lourdes, Anand, Erick, Inthihkab, Myrna, Mernie, Cecelia, နဲ့အတူ ကျွန်တော်မသိတဲ့ လူတစ်ချို့ ပါလာခဲ့ကြတယ်..။ ကမ်းခြေက နွေရာသီကုန်ခါနီးပြီမို့ နေလို့ကောင်းတဲ့ အခြေအနေလေးဖြစ်နေပါတယ်..။ အုပ်စုလိုက် အပန်းဖြေနေကြတဲ့ Local မိသားစုတွေနဲ့ ဖိလစ်ပိုင်နိုင်ငံသား မိသားစု တစ်ချို့လည်းတွေ့ရပါရဲ့..။ အဲဒီနေ့တုန်းက ရုံးချုပ်မှာ Training တက်ခဲ့တဲ့ ကျွန်တော့်အဖို့ ပင်ပန်းနေပေမယ့် သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေကြောင့် စိတ်သက်သာသွားတာတော့အမှန်ပဲ..။
ကျွန်တော့်ကို ချစ်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ ရေကူးပြီး စားသောက်ကြတာ ပျော်စရာလေးတစ်ခု ဖြစ်ခဲ့ပါတယ်..။ ကျန်တာကိုတော့ နောက်မှပဲ ဆက်ရေးတော့မယ်..။ ခုတော့ အိပ်ချိန်ရောက်ပြီမို့ အိပ်တော့မယ်..။ အချိန်နဲ့ အလုပ်လုပ်နေရတဲ့ UAE ဝန်ထမ်းတွေ အဖို့ အိပ်ချိန်မှန်ဖို့တော့ လိုတယ်..။
မှတ်မှတ်ရရ စက်တင်ဘာလ (၁၁)ရက်.., ကမ္ဘာပေါ်မှာ လူသားတွေကို တုန်လှုပ်စေခဲ့တဲ့ သမိုင်းဝင်နေ့တစ်နေ့ပေါ့..။ ကျွန်တော့်အတွက်လည်း အထိမ်းအမှတ်နေ့တစ်ခုပေါ့..။ ပျော်စရာကောင်းတဲ့ နေ့တစ်နေ့..၊ အင်း... အပျော်ဆုံးနေ့ တစ်နေ့လို့ ပြောရင် ပိုမှန်မယ်..။ ဘာလို့လဲ သိလား..။ အဲဒီနေ့မှာ အချစ်စစ်တစ်ခုကို ကျွန်တော် မမျှော်လင့်ဘဲ ရှာတွေ့ခဲ့တယ်..။ ကျွန်တော်တောင်းတနေခဲ့တဲ့ အချစ်ကို ကျွန်တော် ရရှိပိုင်ဆိုင်ခဲ့တယ်..။ ရင်ခုန်သံတွေ ပျော်ရွှင်စွာနဲ့ လောကကြီးထဲကို ခုန်ပေါက်ထွက်ကျလာခဲ့တယ်..။ သူကလည်း ကျွန်တော့်ကို ချစ်တယ်တဲ့..။ ကျွန်တော် အရမ်းပျော်ခဲ့တယ်..။
တကယ်တမ်းပြောရရင် ကျွန်တော့်ချစ်သူနဲ့ ကျွန်တော်က တစ်ယောက်ကို တစ်ယောက် ချစ်တယ်လို့ ပြိုင်တူ ဝန်ခံခဲ့ကြတယ်..။ ကျွန်တော် ချစ်ခဲ့ဖူးပါတယ်..။ ဒါပေမယ့် ဒီတစ်ခါရွေးချယ်ခဲ့တဲ့ အချစ်က ကျွန်တော့်အတွက် အထိုက်တန်ဆုံးနဲ့ တန်ဖိုးအရှိဆုံး အချစ်လို့ ကျွန်တော်သတ်မှတ်လိုက်တယ်..။ ဘဝအတွက် ရွေးချယ်ခဲ့တာလေ..။ ကျွန်တော် သူ့ကို ချစ်မိတဲ့ အတွက် နောင်တရမှာ မဟုတ်ဘူးဆိုတာ သိနေလို့လေ..။ ကျွန်တော့်ချစ်သူက ကျွန်တော်ကို နားလည်ပေးနိုင်တယ်၊ ယုံကြည်ပေးနိုင်တယ်ဆိုတာ ကျွန်တော် သိနေခဲ့တယ်..။ အင်း..သူက ရခိုင်ကလေ..။ ရန်ကုန်မှာနေတယ်..။ ချစ်ဖို့လည်းကောင်းတယ်..။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်တယ်..။ ဒါက အရေးကြီးတယ်..။ ဘာပဲပြောပြော ကျွန်တော် သူ့ကို အရမ်းချစ်တယ်..။ သူလည်းကျွန်တော့်ကို ချစ်တယ်ဆိုတာ ယုံကြည်တယ်..။ ဘယ်သူလဲ ..? ဪ... နောက်တော့ပြောတာပေါ့..။ မပြောလည်း သိမှာပါ..။ သေချာတာကတော့ ကျွန်တော်တို့နှစ်ယောက် အရမ်းချစ်ကြတယ်ဆိုတာပေါ့...။