Saturday, September 13, 2008


အင်း ဒီပုံက UAE နိုင်ငံရဲ့ နာမည်ကျော် JUMERA BEACH မှာ ဆိုင်က သူငယ်ချင်းတွေနဲ့ သွားတုန်းကရိုက်ထားတာလေ..။ ဒီနိုင်ငံမှာ ကမ်းခြေသွားချင်ရင် ညဘက်မှသွားလို့ရတယ်..။ ရာသီဥတုပူပြင်းတဲ့ ဒီနိုင်ငံမှာ နေ့ခင်းဘက် ကမ်းခြေကို အပန်းဖြေသွားရင်.. လူခြောက်ဖြစ်မှာမို့ အားလုံးက ညဘက်ပဲ သွားကြတယ်..။ ကျွန်တော်နေတဲ့ Sharjah မြို့ကနေ တကယ်တမ်း နာရီဝက်လောက်ပဲ ကားမောင်းရပေမယ့် လူဦးရေနဲ့မမျှတဲ့ မော်တော်ကားစီးရေကြောင့် အဲဒီနေ့က ကားပေါ်မှာ တစ်နာရီကျော်ကျော်လောက် အချိန်ကုန်ခဲ့ရပါတယ်..။ ကျွန်တော်နဲ့အတူ ညီ အစ်ကိုလို ခင်တဲ့ သူငယ်ချင်း ထူးသက်မင်း (Shine), ကျွန်တော့်ဆိုင်က လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ Lourdes, Anand, Erick, Inthihkab, Myrna, Mernie, Cecelia, နဲ့အတူ ကျွန်တော်မသိတဲ့ လူတစ်ချို့ ပါလာခဲ့ကြတယ်..။ ကမ်းခြေက နွေရာသီကုန်ခါနီးပြီမို့ နေလို့ကောင်းတဲ့ အခြေအနေလေးဖြစ်နေပါတယ်..။ အုပ်စုလိုက် အပန်းဖြေနေကြတဲ့ Local မိသားစုတွေနဲ့ ဖိလစ်ပိုင်နိုင်ငံသား မိသားစု တစ်ချို့လည်းတွေ့ရပါရဲ့..။ အဲဒီနေ့တုန်းက ရုံးချုပ်မှာ Training တက်ခဲ့တဲ့ ကျွန်တော့်အဖို့ ပင်ပန်းနေပေမယ့် သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေကြောင့် စိတ်သက်သာသွားတာတော့အမှန်ပဲ..။
ကျွန်တော့်ကို ချစ်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ ရေကူးပြီး စားသောက်ကြတာ ပျော်စရာလေးတစ်ခု ဖြစ်ခဲ့ပါတယ်..။ ကျန်တာကိုတော့ နောက်မှပဲ ဆက်ရေးတော့မယ်..။ ခုတော့ အိပ်ချိန်ရောက်ပြီမို့ အိပ်တော့မယ်..။ အချိန်နဲ့ အလုပ်လုပ်နေရတဲ့ UAE ဝန်ထမ်းတွေ အဖို့ အိပ်ချိန်မှန်ဖို့တော့ လိုတယ်..။

No comments: