Saturday, September 13, 2008

မှတ်မှတ်ရရ စက်တင်ဘာလ (၁၁)ရက်.., ကမ္ဘာပေါ်မှာ လူသားတွေကို တုန်လှုပ်စေခဲ့တဲ့ သမိုင်းဝင်နေ့တစ်နေ့ပေါ့..။ ကျွန်တော့်အတွက်လည်း အထိမ်းအမှတ်နေ့တစ်ခုပေါ့..။ ပျော်စရာကောင်းတဲ့ နေ့တစ်နေ့..၊ အင်း... အပျော်ဆုံးနေ့ တစ်နေ့လို့ ပြောရင် ပိုမှန်မယ်..။ ဘာလို့လဲ သိလား..။ အဲဒီနေ့မှာ အချစ်စစ်တစ်ခုကို ကျွန်တော် မမျှော်လင့်ဘဲ ရှာတွေ့ခဲ့တယ်..။ ကျွန်တော်တောင်းတနေခဲ့တဲ့ အချစ်ကို ကျွန်တော် ရရှိပိုင်ဆိုင်ခဲ့တယ်..။ ရင်ခုန်သံတွေ ပျော်ရွှင်စွာနဲ့ လောကကြီးထဲကို ခုန်ပေါက်ထွက်ကျလာခဲ့တယ်..။ သူကလည်း ကျွန်တော့်ကို ချစ်တယ်တဲ့..။ ကျွန်တော် အရမ်းပျော်ခဲ့တယ်..။
တကယ်တမ်းပြောရရင် ကျွန်တော့်ချစ်သူနဲ့ ကျွန်တော်က တစ်ယောက်ကို တစ်ယောက် ချစ်တယ်လို့ ပြိုင်တူ ဝန်ခံခဲ့ကြတယ်..။ ကျွန်တော် ချစ်ခဲ့ဖူးပါတယ်..။ ဒါပေမယ့် ဒီတစ်ခါရွေးချယ်ခဲ့တဲ့ အချစ်က ကျွန်တော့်အတွက် အထိုက်တန်ဆုံးနဲ့ တန်ဖိုးအရှိဆုံး အချစ်လို့ ကျွန်တော်သတ်မှတ်လိုက်တယ်..။ ဘဝအတွက် ရွေးချယ်ခဲ့တာလေ..။ ကျွန်တော် သူ့ကို ချစ်မိတဲ့ အတွက် နောင်တရမှာ မဟုတ်ဘူးဆိုတာ သိနေလို့လေ..။ ကျွန်တော့်ချစ်သူက ကျွန်တော်ကို နားလည်ပေးနိုင်တယ်၊ ယုံကြည်ပေးနိုင်တယ်ဆိုတာ ကျွန်တော် သိနေခဲ့တယ်..။ အင်း..သူက ရခိုင်ကလေ..။ ရန်ကုန်မှာနေတယ်..။ ချစ်ဖို့လည်းကောင်းတယ်..။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်တယ်..။ ဒါက အရေးကြီးတယ်..။ ဘာပဲပြောပြော ကျွန်တော် သူ့ကို အရမ်းချစ်တယ်..။ သူလည်းကျွန်တော့်ကို ချစ်တယ်ဆိုတာ ယုံကြည်တယ်..။ ဘယ်သူလဲ ..? ဪ... နောက်တော့ပြောတာပေါ့..။ မပြောလည်း သိမှာပါ..။ သေချာတာကတော့ ကျွန်တော်တို့နှစ်ယောက် အရမ်းချစ်ကြတယ်ဆိုတာပေါ့...။

1 comment:

Anonymous said...

ကိုရေ အရမ်းချစ်တယ်ကွာ။ ကျေးဇူနော် ရွေးချယ်ခဲ့လို့ပါ။


ကိုရဲ့ ချစ်သူ...........