Saturday, October 4, 2008

သဇင်မြေက ချစ်သူသို့ အလွမ်း...

လွမ်းဆွတ်နေတဲ့ စိတ်..
အိပ်မရတဲ့ေ​ဝဒနာကို သယ်ဆောင်လာခဲ့တယ်...

အချစ်ငတ်တဲ့ ငါ့အဖို့ ..
လွမ်းတတ်အောင် ငါ ကြိုးစားရဦးမယ်...။

အားလုံးကို မုန်းတတ်အောင်
ငါကြိုးစားခဲ့သမျှ..
မင်းလေးနဲ့မှ နှလုံးသားဟာ အရောင်ပြောင်းတတ်ခဲ့တာပါ..

အချစ်တွေ ပြည့်လျှံနေခဲ့တဲ့
ချစ်သူမဲ့ ရင်ခွင်တစ်စုံဟာ..
မင်းလေးကို စောင့်စားနေခဲ့တာလား..?

မင်းကို လွမ်းတဲ့စိတ်ဟာ...
ငါ့ကို ရန်မူနေခဲ့ပြီ.. ချစ်သူရေ....။

မင်းသာ ငါ့ကိုထားခဲ့မယ်ဆိုရင်..
ဒီကမ္ဘာကြီးဟာ.. ငါ့အတွက်တော့
ဘာမှမရှိတဲ့ ဇရပ်တစ်ဆောင်လို
ခြောက်သွေ့ အထီးကျန်စေလိမ့်မယ်...။

ရှင်းရှင်းပြောရရင်...
ငါမင်းကို လွမ်းတယ်...
သဇင်မြေက ချစ်သူရယ်.....။

No comments: