Thursday, May 1, 2008

ချစ်သူအတွက်....ဆု

ချစ်သူ.....
ဒီည... တို့
လောကကြီးရဲ့ ပုံပြင်အသစ်တွေ...
သူ့ ဆီက နားထောင်လိုက်ရတယ်.....။

ချိုမြိန်ပါတယ်ဆိုတဲ့... ပျားရည်တွေကို..
သူ့ရဲ့ ပုံပြင်တွေက...
မရှု မလှ ခါးသက်စေခဲ့တယ်.......။

တို့... ချစ်သူဆီမှာ..
ဒူးထောက်... အရှုံးပေးလိုက်ပြီ..
အဆိပ်ပြင်းတဲ့..သူ့ပုံပြင်တွေအောက်မှာပေါ့....။

တို့လိပ်ပြာလေး...
သူ့လက်ထဲ...အပ်နှင်းလိုက်တယ်...
ပုံပြင်တွေအတွက် ဆုလာဘ်တစ်ခုအဖြစ်ပေါ့.......။

No comments: